ကျိုင်းတောင်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးနန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ကျိုင်းတောင်းမြို့ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်သည့် အကြောင်းအရာများကို တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေး၌ ဆွေးနွေးတင်ပြကြရာတွင် ကိုဗစ်-၁၉ ရောဂါကို အမျိုးသားရေးအသွင်ဖြင့် မှတ်ယူ၍ လိုက်နာဆောင်ရွက်ကြရန်၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းရှိနေသည့်အတွက် ရပ်ဝေးမှ ကုန်တင်ယာဉ်များအား ကျိုင်းတောင်းမြို့အတွင်းသို့ ရပ်နားခွင့်မပြုမိစေရန်၊ ရပ်ဝေးမှ ကျိုင်းတောင်းမြို့သို့ ကုန်စိမ်းကုန်ခြောက် လာရောက်ရောင်းချသည့် စျေးသည်များအား မြို့အတွင်းလှည့်လည် ရောင်းချခွင့်မပြုဘဲ ကျိုင်းတောင်းမြို့ရှ ိစျေးဆိုင်များနှင့်ချိတ်ဆက်၍ တင်ပို့တင်သွင်းရနန်၊ Mask မတပ်သည့် ပြည်သူများအား ဒဏ်ငွေေပးဆောင်စေခြင်းစသည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)