ညောင်ဦး၊ အောက်တိုဘာ ၉
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ အခြားတိုင်း ဒေသကြီး/ပြည်နယ်ဘက်မှဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့်ယာဉ်နောက် လိုက်များအား ညောင်ဦးမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားမည့်ကုန်တင်ယာဉ်မောင်းများအား စစ်ဆေး ရေးစခန်းနှစ်နေရာတွင် Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများအား အောက်တိုဘာ၆ ရက်နေ့မှစတင်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးရာတွင် ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်စစ်ဆေးဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဘက်မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် (၃၄) စီး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၆၃) ဦးအား ညောင်ဦးခရိုင်/မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးခဲ့ခြင်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဘက်မှ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များအား စဉ့်ကူနယ်မြေ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေး စခန်းတွင် ကုန်တင်ယာဉ် (၆)စီး၊ ယာဉ်မောင်းယာဉ်နောက်လိုက် (၇) ဦးတို့အား ညောင်ဦး ခရိုင်/မြို့နယ် ကျန်းမာရေးဝန်ထမ်းများကစ်ဆေးကြရာ (၇၀) ဦးလုံး (Negative) ကိုဗစ်- ၁၉ရောဂါပိုးမတွေ့ရှိကြောင့် ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ညောင်ဦးမြို့နယ်တွင် Test Kit ဖြင့် စစ်ဆေးရေးစခန်းနှစ်ခုဖွင့်လှစ်ထားရှိပြီး ပခုက္ကူ၊ မြင်းခြံဘက်မှဝင်ရောက်လာသည့် ကားလမ်းမကြီးတွင် လက်ပံခြေပေါ်စစ်ဆေးရေးဂိတ်၊ မြတ်နိုးသူစစ်ဆေးရေးဂိတ်၊ သံတော်ကုန်းစစ်ဆေးရေးဂိတ်၊ ချောက်မြို့ နယ်ဘက်မှ ညောင်ဦးမြို့နယ်ဘက်ကားလမ်းတွင် စဉ့်ကူစစ်ဆေးရေးဂိတ်၊ လောကနန္ဒာစစ်ဆေးရေး ဂိတ်နှင့် ပုဂံမြို့ဝင်စစ်ဆေးရေးဂိတ်၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းတွင် မြတ်နိုးသူ တိုးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၊ လေယာဉ်ကွင်းလမ်းဆုံစစ်ဆေးရေး ဂိတ်များဖွင့်လှစ် ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့စစ်ဆေးရေးစခန်းများ၊ ဂိတ်များ ဖွင့်လှစ်ထား ရှိရာတွင် ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ခရိုင်/မြို့နယ် မီးသတ်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုတ်မြှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ကိုထိန်၊ KPD