ထန်ပါခွေ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့အဝင်၊ အထွက်ဂိတ်၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထန်ပါခွေမြို့အတွင်းသို့ လာရောက်သည့် ရပ်ဝေး၊ ရပ်နီးခရီးသွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ခရီးသွားရာဇ ဝင်မှတ်တမ်းများ မေးမြန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြုရေးနှင့် ဆပ်ပြာများဖြင့် လက်ဆေးခိုင်းခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျှက် ရှိကြောင်း ထန်ပါခွေမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်ဟီးဝေပုံထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပူးပေါင်း အဖွဲ့မှ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။
ဟန်ထွန်း(အင်းဝ)