ကျိုင်းတောင်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးမည့်သူများ၏ အမည်စာရင်းများ ကြေညာထားရှိမှုကို ကျိုင်းတောင်မြို့ရှိ မဲဆန္ဒရှင်များမှ မိမိတို့၏ မဲစာရင်းပါဝင်မှု ရှိ/မရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ မဲပေးမည့်သူများ၏ အမည်စာရင်းများကို အမှတ်(၁)ရပ်ကွက်တွင် (၁၇၀၆)ဦး၊ အမှတ်(၂) ရပ်ကွက်တွင် (၅၀၃)ဦး၊ အမှတ်(၃)ရပ်ကွက်တွင်(၈၅၄)ဦး၊ အမှတ်(၄)ရပ်ကွက်တွင်(၂၁၁၅)ဦး၊ အမှတ်(၅)ရပ်ကွက်တွင်(၁၆၉၁)ဦး၊ အမှတ်(၆)ရပ်ကွက်တွင်(၄၀၆)ဦး၊ အမှတ်(၇)ရပ်ကွက်တွင် (၁၀၀၉)ဦး နှင့် နောင်ဟီးကျေးရွာအုပ်စုတွင်(၂၆၃)ဦး၊ နားပေါ့အုပ်စုတွင်(၃၂)ဦး၊ ဟိုဟအုပ်စုတွင်(၂၀၈)ဦး စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ (၈၁၅၇)ဦးရှိပြီး ကော်မရှင်အဖွဲ့ခွဲရုံးများ၏ ကြေညာသင်ပုန်းများတွင် ကြေညာထားကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)