ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ လာရောက်လှူဒါန်း

တံတား  အောက်တိုဘာ  ၉

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ အထောက်ကူပြု ပစ္စည်းများနှင့် ကျန်းမာ‌ရေးအထောက်ကူပြုပစ္စည်းများကို  ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် တံတားမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ကျော့ဦးရွှေနှင့် သူငယ်ချင်း များက   ကိုဗစ်-၁၉ အထောက်ကူပြု PPE ဝတ်စုံ (၁၀)စုံ၊ Surgical Grown၂၅၆ စုံ၊ N95 Mask (၆၀)ခု၊ Cap (၁၀)ထုတ်၊ Google(၁၀)ခု၊ Boot S/M/L(၁၀)ရံ၊ ပလပ်စတစ် Apron(၁၀)ဘူး  စုစုပေါင်း တန်ဖိုးငွေ (၁၀)သိန်းကျပ်ခန့်ရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် တံတားမြို့ အမှတ် ၃ ရပ်ကွက် (ကုလားလေးဆေးဆိုင်)မှ ဦးကျော်ဇင်လတ် +ဒေါ် ဝင်းဝင်းမော် မိသားစုမှ အောက်စီဂျင်စက် (၁)လုံး၊ အောက်စီဂျင် Flow Meter ခေါင်း (၅)လုံး စုစုပေါင်း တန်ဖိုးငွေ (၇)သိန်း (၉)သောင်းကျပ်ရှိ ‌ ပစ္စည်းများအား တံတားမြို့ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ၊ သံသယလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် လှူဒါန်းရခြင်း ဖြစ်ပြီး တံတားမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာကျော့ဦးရွှေ က လှူဒါန်းမှုအား လက်ခံရယူခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)