သရက်ချောင်း အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာအုပ်စုကွင်း အမှတ်(၃၂၂-B)၊ ဦးပိုင်(၈၉)၊ ဧရိယာ (၅) ဧကရှိ တောင်သူ ဦးစိုးအောင်၏ လယ်မြေ၌ ယနေ့ နံနက်ပိုင်းက မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တောင်သူ ဦးစိုးအောင်၏လယ်မြေ၌ CERP အစီအစဉ်အရ မိုးစပါးပေါ်ဆန်းရင် မျိုးစေ့ ထုတ်စိုက်ခင်းအား အရည်အသွေးကောင်း၊ မျိုးကောင်းမျိုးသန့် ရရှိစေရန်အတွက် မျိုးကွဲ နှုတ်ပယ်ခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့် ကျေးရွာ တောင်သူများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)