မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင် (CBFQ) စောင့်ကြည့်နေရာတွင် Quarantine ဝင် ရောက် နေသူ (၃၅)ဦးအား ပထမအကြိမ်နှာခေါင်းတို့ပတ်(Swab)နမူနာများ ရယူ ပေးပို့

ချောင်းဆုံ     အောက်တိုဘာ       ၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နယ်မြေရပ်ခြားမှ ပြန်လည်ရောက်ရှိလာ သူများအား ကွမ်သဲ(အ.ထ.က)ကျောင်းတွင် အသွားအလာကန့်သတ်စောင့် ကြည့်ခြင်းဖြင့် Quarantine ဝင်ရောက်နေသူများအား ပထမအကြိမ်နှာခေါင်းတို့ပတ် (Swab)နမူနာများ ရယူခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါစင်တာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဓါတ်ခွဲနမူနာရယူ ခဲ့ကြောင်းသိရသည်။

အဆိုပါစောင့်ကြည့်ခံရသူများမှာ(၆၃)ဦးရှိပြီး(CBFQ)စခန်းသို့ဝင်ရောက်သူ (၁၀)ရက် အတွင်းရှိသည့် (၃၅)ဦးအား ပထမအကြိမ်အဖြစ် ဓါတ်ခွဲနမူနာရယူပြီး ကျန်ရှိသည့်သူများ အား သတ်မှတ်ရက်များတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဓါတ်ခွဲ နမူနာများကို မော်လမြိုင်ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ကပြောသည်။

(CBFQ)စခန်းကိုယခင်က ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားရှိခဲ့ရာ စည်းကမ်း လိုက်နာမှုများအားနည်းချက်များရှိခြင်းကြောင့် ယခုအခါ မြို့နယ်အဆင့် စင်တာအနေဖြင့် ကွမ်သဲ(အ.ထ.က)ကျောင်းတွင် အောက်တိုဘာ (၄)ရက်နေ့က စတင်ဖွင့်လှစ်ထားရှိပြီး မြို့နယ်အတွင်းရှိပြည်သူများ၊ မြို့နယ်ပြင်ပမှ ပြန်လည်ရောက်ရှိလာပါက ကွမ်သဲ(CBFQ) စခန်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်သည့် စည်းကမ်းချက်များနှင့်အညီ ထားရှိကာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့က စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)