ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ Seed Grower Association မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူ များ၏လယ်သို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်

ဟုမ္မလင်း      အောက်တိုဘာ        ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကက်သာစံပြကျေးရွာရှိ တောင်သူ ဦးဘသန်း လယ်တွင် အောက်တို ဘာ(၈)ရက်နေ့၊ နံနက်ပိုင်းက Seed Grower Association မျိုးစေ့ထုတ်တောင်သူများ၊ အကျိုး ဆောင်တောင် သူများ၏ ဆင်းဧကရီ -၃ မျိုးစေ့ထုတ် စိုက်ခင်းများ သို့ ဒု-ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထ ဦးစီးမှူး ဦးဟွေလိယိုနှင့် ဒု-လ/ထ ဦးမှူးများက ကွင်းဆင်း၍ အကျိုးဆောင်တောင်သူ ခေါင်းဆောင်ကြီး ဦးသန်းဆွေးအား ပိုးမွှားကျ ရောက်မှု၊ ကြွက်ကျရောက်မှု သတိထားကားကွယ်ရန်နှင့် ပေါင်းမြက်နှင့် မျိုးကွဲများ ဖယ်ရှားရန် ပညာပေး ဆွေးနွေးခဲ့ကြကြောင်း ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရ သည်။

လင်းလင်း(ပြန်/ဆက်)