ရေး အောက်တိုဘာ ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များ တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် ကပ်ထားကြေညာ ထား ပြီးဖြစ်ရာ မဲစာရင်းတွင် မိမိအမည် ပါ/မပါ၊ မှန်/ မမှန်နှင့် မှတ်ပုံတင်နံပါတ်များ မှန်/မမှန် ပြည်သူများလာရောက်ကြည့်ရှုလျက် ရှိကြောင်းနှင့် မဲရုံအသီးသီးတို့တွင် မဲရုံဝန်ထမ်း (၂၃၀၀) ကျော်တာဝန်ပေးအပ်ရန် လျာထားကြောင်းသိရသည်။
ရေးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ (နောက်ဆုံးအကြိမ်)ဖြစ် ကပ်ထားပေးရာ အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၂၂၆၀၀၀)ကျော်၊ ဗမာတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၅၀၀၀၀)ကျော်၊ ကရင်တိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၁၄၀၀၀)ကျော်၊ ပအိုဝ်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၃၀)ကျော်ရှိပြီး မဲဆန္ဒနယ်မြေ (၂)ခုတွင် မဲရုံပေါင်း (၁၃၀)ရုံဖွင့်လှစ်သွား မည်ဖြစ်ရာ မဲရုံးများတွင်တာဝန်ထမ်းဆောင်ရန်အတွက် မဲရုံဝန်ထမ်းစုစုပေါင်း (၂၃၀၀)ကျော် အားတာဝန်ပေးအပ်ရန်လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
မြို့နယ်(ပြန်/ဆက်)