မအူပင် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန် အသက်ရှုစက်လှူဒါန်း

မအူပင် အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသလျှက် ရှိသည့် ပြည်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ အရေးပေါ်ပြည်သူ များအတွက် အသုံးပြုရန် အမှတ် A-7 သံလွင်လမ်း၊ မေခအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသ ကြီးတွင်နေထိုင်သည့် အလှူရှင်ဦးတင်စိုးနှင့် ဇနီး ဒေါ်နန့်ဝါဝါဒွန်း၊ သားမောင်ဟိန်းထက်စိုး၊ မောင်ရှင်းသန့်စိုး မိသားစုတို့က (၁၇၈)သိန်း တန်ဖိုးရှိ အသက်ရှုစက်အား လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)