ကျောက်ကြီး အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်ကျောက်စရစ်ကျေးရွာအုပ်စုထိန်ပင်ကျေးရွာနှင့်နတ် သံကွင်းကျေးရွာ အုပ်စု တံခွန်တိုင်ကျေးရွာတို့၌ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင် မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ဖြစ်ပေါ် လာနိုင်သဖြင့်နေအိမ်(၆)လုံးအား ယနေ့နံနက်ပိုင်းတွင်ပြောင်းရွေ့ပေးခဲ့ရသည်။
ကျောက်စရစ်ကျေးရွာအုပ်စုထိန်ပင်ကျေးရွာ၌ယမန်နေ့နေလည်ပိုင်းက(၄)ပင်ပတ်လည်အိမ်တစ်လုံး၊ (၃×၄) ပင်သက် ကယ်မိုး ပျဉ်ကာနေအိမ်နှစ်လုံး၊ (၃×၄)ပင်ပတ်လည်သက်ကယ် မိုးဝါးအိမ်တစ်လုံး တို့အားပြောင်း ရွေ့ပေးခဲ့ရပြီးယနေ့ နံနက်(၈)နာရီကနတ်သံကွင်းကျေးရွာ အုပ်စုတံခွန်တိုင်ကျေးရွာမှ (၃×၄)ပင်သွပ်မိုး ထရံကာ ပျဉ်ခင်းနေ အိမ်နှစ်လုံးတို့အား ဖျက်သိမ်း၍နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ ထပ်မံပြောင်း ရွေ့ပေးခဲ့ရ သည်။
အဆိုပါပြောင်းရွေ့နေရာသို့ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများမှပြောင်းရွေ့ပေးကြပြီးလိုအပ်သည်များကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
K ခိုင် (ပြန်/ဆက်)