မက်မန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်

မက်မန်း အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နှိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (အ.ထ.က)ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း က မက်မန်းမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ ကိုဗစ်-၁၉ရောဂါ မကူးဆက်စေရေးအတွက် ခရီးသွားလာရာတွင် Mask များတပ်ဆင်ခြင်း၊ မြို့အဝင်/အထွက် ဂိတ်များတွင် စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးမှုခံယူရန်နှင့် ကျန်းမာရေးလမ်းညွှန်ချက်များအား စနစ်တကျ ဆောင်ရွက်ရန် Facility Quarantine စင်တာ ထာရှိမှုများ နှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြာသည်။

ထို့နောက် မြို့နယ်ဆရာဝန် ဒေါက်တာအောင်ကိုဝင်းမှ Facility Quarantine ခံယူနေသည့် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် Facility Quarantine သီးသန့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလာသူများ အနေဖြင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)