မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၁
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံးကိုဗစ်-၁၉ ပိုးတွေ့လူနာအဖြစ် စောင့်ရှောက်ကုသမှု့ ပေးထားသည့် အသက်(၅ဝ)ကျော် အမျိုးသမီးတစ်ဦးသည် ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းခွင့် ရရှိသည်။
အဆိုပါဆေးရုံဆင်းလူနာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များမှ သွားရောက် ကြိုဆိုအားပေးကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းမှ ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်း ပြောကြားပြီးသည်။
ထို့နောက် ဆေးရုံဆင်းလူနာအား မြို့နယ်ကြက်ခြေနီ အသင်းမှ အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင်သည်။
မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးတွင် ယနေ့နေလယ်ပိုင်းထိ ပိုးတွေ့လူနာ (၃)ဦးသာ ကျန်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု့များဖြင့် ကုသပေးလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန် ကြကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)