သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၄၆)ဦး၏ Swab နမူနာများ ရယူ

သဲကုန်း   အောက်တိုဘာ    ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၄၆)ဦး၏ Swab နမူနာများအား (၂၁)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ် ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသူ(၄၀)ဦး၊  Positiveလူနာများနှင့် ထိစပ်ခဲ့သူ(၆)ဦး၊ စုစုပေါင်း(၄၆)ဦးတို့၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေးဌာန ဝန်ထမ်းများက နမူနာများ ရယူခဲ့ပြီး ရန်ကုန်မြို့သို့ ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)