ကျိုက်ထိုမြို့နယ် ပြည်သူ့စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများ ပြသ

ကျိုက်ထို အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့်   အသိပညာပေးလုပ်ငန်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကပ်ထားပြသလျက်ရှိသည်။

အဆိုပါ ပြဘုတ်တွင်အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန်သတင်းအချက်အလက်များနှင့်  ပုဂ္ဂလဓိဌာန်သတင်း အချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက် သတင်းတွင်အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့် ရှုပါ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့်ထင်မြင်ယူဆချက်များ၊  ကလေး သူငယ်၊ လူငယ်နှင့်လူမှုမီဒီယာ အသုံးပြုမှုသဘောတူညီမှုတစ်ရပ် ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်းဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်းအချက် အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း  ကလေးများနှင့်အတူဆွေးနွေးပါ   မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော  မိဘ/အုပ်ထိန်းမှု အတက်ပညာဆိုသည်မှာ အဘယ်နည်း၊ သင်သည် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော    မိဘအုပ် ထိန်းသူဖြစ်ပါသလား၊ သမိုင်းဝင်တည်နေရာများကို  ပုံရိပ်ယောင်နည်းပညာဖြင့်    သွားရောက် လေ့လာရာဝယ် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော  မိဘအုပ်ထိန်းမှု အတက်ပညာနှင့်ကြော် ငြာများ/လုပ်ကြံသတင်းများ/ ကျန်းမာရေး၊ ကလေးများနှင့် အတူစာဖတ်ပါ၊    မီဒီယာနှင့်သတင်းအ ချက်အလက် သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင်အတူကြည့် ပါ၊ကလေးများနှင့် အတူ သတင်းကြည့်ရာဝယ် စသည့်ခေါင်းစဉ်(၁၈)ခုဖြင့် လေ့လာမှတ်သားဖွယ် ရာဗဟုသုတမျိုးစုံ ပါရှိသည့် ရုပ်ပုံများအားပြသထား ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)