ဟင်္သာတ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားကာ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမောင်က ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမူများ၊ လုပ်ငန်းပြီးစီးမှုများ ရှင်းလင်းဆွေးနွေးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးက လိုအပ်သည့်လုပ်ငန်းများကို မြို့နယ်များသို့ တင်ပြဆွေးနွေးခဲ့ကာ တက်ရောက်လာသော မြို့နယ်(၆) ခုမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားတွင် ခရိုင်တွင်းမှ မြို့နယ် (၆) ခုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ယခုလက်ရှိတွင် မဲရုံပေါင်း(၁၁၁၀)ရုံ၊ မဲဆန္ဒရှင်ပေါင်း (၈၇၇၇၇၁)ဦးရှိကြောင်း ဟင်္သာတခရိုင် ကော်မရှင်ရုံးမှ သိရသည်။
ကိုဇော်(ဟင်္သာတ)