တာလေ အောက်တိုဘာ ၁၂
ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရန် မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် မြို့တွင်းစစ်ဆေးခြင်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် တာလေမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် မြို့တွင်းစစ်ဆေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူများက ရောဂါ ကြိုတင် ကာကွယ်ရေး စစ်ဆေးရေးဂိတ်နှင့် မြို့အတွင်း စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေး ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ ရောက် လာကြသော ခရီးသွား မော်တော်ယာဉ် ယာဉ်ကြီး၊ ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်များအား သက်ဆိုင်ရာ ခရီးသွားထောက်ခံချက်၊ ကျန်းမာရေးဌာန ဆေးထောက် ခံချက် ပါ/မပါ စစ်ဆေးခြင်းနှင့် မှတ်တမ်းကောက်ယူ ရေးသွင်းခြင်း ၊ နေ့စဉ် နေ့ညမပြတ် သူစိမ်းဝင်ရောက်မှု မရှိစေရေး ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးများ စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး ကိုဗစ် - ၁၉ ရောဂါ မပြန့်ပွားစေရန် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေး စစ်ဆေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူ များက စဉ်ဆက်မပြတ် အရှိန်မြှင့်တင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)