ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အိမ်ခြံမြေပရဟိတအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ဒဂုံဆိပ်ကမ်း အောက်တိုဘာ  ၁၂

ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်မှုရှိသူများ ထားရှိသည့် Quarantine Centre များတွင် Quarantine ဝင်ရောက်သူများနှင့် Volunteer များ အသုံးပြုနိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အိမ်ခြံမြေပရဟိတအသင်းဥက္ကဋ္ဌ ဦးအောင်ကျော်မျိုး ဦးဆောင်သော အဖွဲ့ဝင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့လှူဒါန်းရာတွင် Quarantine Centre အမှတ် ၁ အတွက် စောင်အထည် ၇၀၊ mask (နှာခေါင်းစည်း) အခု(၁၀၀၀)၊ Hand Spray ( ၅၀)ဘူးနှင့် Quarantine Centre အမှတ် ၂ အတွက် PPE ဝတ်စုံ(၅)စုံ၊ Hand Spray (၁၀၀)ဘူး စသည်တို့ လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့မှ လက်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အိမ်ခြံမြေပရဟိတအသင်းသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ အခက်အခဲဖြစ်နေသော အိမ်ထောင်စု(၄၅၀)စုအား  အိမ်ထောင်စုတစ်စုလျင် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်(၃)ပြည်၊ ဆီ(၁)ဘူး၊ mask(၅)ခု၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် ဆေးဝါးများကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေသံလွင်ဘိုးဘွားရိပ်သာနှင့် မှန်ကင်းမိဘမဲ့ကျောင်းသို့ ဆန်ကြာဇံ၊ ခေါက်ဆွဲခြောက်နှင့် အခြားလှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

နန်းရွှေကြည်(ပြန်/ဆက်)