မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသ

မန့်ဟီးရိုး အောက်တိုဘာ ၁၃

မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးပြည်သူ့စာ ကြည့်တိုက်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် က ဆောင်ရွက်ခဲ့သည်။                                      

ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် UNESCO မှပေးပို့လာသည့်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်း၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ ကလေးများနှင့်အတူတူ သတင်း ကြည့်ရာဝယ်၊ ရုပ်ရှင်အတူ ကြည့်ပါ၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ မီဒီယာနှင့် အတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများနှင့် မီဒီယာနှင့် သတင်းအချက် အလက်သိနားလည်းမှုရှိသော မိဘ/အုပ်ထိန်းမှုအတတ်ပညာနှင့် ကြေညာများ စသည့်တို့ပါဝင်သည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတအချက်အလက် (၁၈)မျိုးကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အရေးကြီးတဲ့ သတိပေးချက်များကိုလည်းကောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် သတိပေးကာကွယ်ရေးအသိပညာပေး ဓာတ်ပုံများကို လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးများကိုလည်းကောင်း ပြည်သူများ အလွယ်တကူ လေ့လာကြည့်ရှုနိုင်စေရန်အတွက် ပြသထားကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)