နတ်မောက် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်များ ကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ လမ်းတံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ လာရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီးကို အမှုထား၍ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူမှ ဦးအောင်ညို(ဒု- ညွှန်ကြားရေးမှူး(မြို့ပြ) )၊ ဦးအေးဖြင့် (ဒု-ညွှန်ကြား ရေးမှူး(မြို့ပြ) ) တို့မှ အလှူငွေ(၁၈၄၀၀၀ဝိ/-)ကျပ်နှင့် ဆေးရုံသုံးပစ္စည်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းစည်သူမှ လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
သင်းသင်းဝေ(နတ်မောက်)