ဆီဆိုင် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၉၃ ရုံဖြင့် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် ရက်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၂၁) ရွာအတွက် မဲရုံပေါင်း(၉၃)ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာခဲ့သည့် မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၀၅၀၉၉)ဦး ရှိသည်။
ခွန်ရဲထွေး(ဆီဆိုင်)