ရှမ်းရွာသစ်၊ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက် စာအုပ်/ စာစောင်များငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယနေနံနက်ပိုင်းတွင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်နိုင်ရန်အတွက် စာရေးဆရာ သိင်္ခသူရေးသားသော မြန်မာ့စိတ်ရင်းနှင့်ကလေးကဗျာထဲမှ "သားသားချစ်တဲ့မြန်မာပြည်" ကဗျာရွတ်ခြင်း အစီအစဉ်ကို ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် Online မှ တစ်ဆင့် အလွယ် တကူကြည့်ရှုနိုင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့် ကလေးသူငယ်များအတွက် ရုပ်ပုံပြပုံပြင်ပြောကြားခြင်း၊ ရောင်စုံစက္ကူလေးများဖြင့်အရုပ်ခေါက်ခြင်း၊ ရုပ်ပုံလေးများအား ဆေးရောင်ခြယ်သခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် ဗဟုသုတဖြစ်စေမည့် စာအုပ်/စာစောင်များကို မိတ်ဆက်ပေးခြင်းအစီအစဉ်များနှင့် နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေသော သတင်းများကို ပြည်သူများသိရှိနိုင်စေရန် လွှင့်တင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)