ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထား

တံတား  အောက်တိုဘာ  ၁၃


ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများအား ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာနိုင်ရန်အတွက် အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်၍ ပြသဆောင်ရွက် ပေးထားကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန်သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်း အချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်များ၊ ကလေးသူငယ်၊ လူငယ်နှင့်လူမှုမီဒီယာအသုံးပြုမှု သဘောတူညီမှု တစ်ရပ်ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ သင်သည် မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ ဖြစ်ပါသလား၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့်  သွားရောက်လေ့လာရာဝယ်၊ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ/ လုပ်ကြံသတင်းများ/ ကျန်းမာရေး၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသောမိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင်အတူ ကြည့်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ်စသည့် လေ့လာ မှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံပါရှိသည့် ခေါင်းစဉ်(၁၈)ခုဖြင့် ရုပ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် ဝေဝေဆာဆာ ခင်းကျင်းပြသထားကြောင်း သိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)