တန့်ယန်းမြို့နယ်တွင် မီးဖို၏ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တန့်ယန်း  အောက်တိုဘာ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)တွင် ယမန်နေ့ညနေ ၄ နာရီခန့် က မီးဖို၏ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)ရှိ အလျား (၂၀)ပေ၊ အနံ (၁၅)၊ သွပ်မိုးထရံကာ မြေစိုက် နေအိမ်တွင်  မီးဖို၏ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (တစ်)စီး၊ မြို့နယ်အရန် မီးသတ်တပ်ရင်းမှ မီးငြှိမ်းသတ်ယာဉ် (နှစ်)စီး၊ ပြည်သူလူထုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ  ဝိုင်းဝန်းငြှိမ်းသတ်ပေးနိုင်ခဲ့ကြောင်း၊   မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် အိမ်ရှင်အား တန့်ယန်း မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)