သနပ်ပင် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေ အထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် သနပ်ပင်မြို့နယ် Quaratine Center များရှိ စောင့်ကြည့်လူနာများ လိုအပ် တဲ့နေရာများတွင် အသုံးပြုနိုင်ရေးအတွက် သနပ်ပင်မြို့နယ် လှာပကစ်ကျေးရွာမှ ဦးမျိုးစိန့်+ ဒေါ်ခင်နုယဉ် မိသားစုတို့မှ PPE (A Level) ဝတ်စုံ (၂၀၀)စုံ၊ သာမိုမီတာ (၄)ခု၊ နှလုံးခုံတိုင်းစက် (၄)ခု၊ Surgical Mask၊ 95(၄၀) ခု၊ 3M mask (၁၀၀၀) ခု၊ ပစ္စည်းစုစုပေါင်း တန်ဘိုးကျပ်သိန်း(၇၀)၊ (ကျပ်ခုနှစ်ဆယ်သိန်းတိတိ)အား လှူဒါန်းပေးခြင်းနှင့် Hung Kiu (Myanmar) Garment Mfg. LTD (အင်းတကော်+ကမာနတ်) အထည်ချုပ် စက်ရုံမှ တာဝန်ရှိသူတို့က မြို့နယ်ပြည်သူ့ဆေးရုံအတွက် Mask အခုရေ (၅၀၀၀) ခု၊ မြို့နယ်ကိုဗစ် ကော်မတီထံသို့ Mask အခုရေ (၁၀၀၀၀) ခု၊ ပစ္စည်းစုစုပေါင်း တန်ဘိုး (၃၇၅၀၀၀) (ကျပ်သုံးသိန်းခုနှစ် သောင်းငါးထောင်တိတိ)အား လှူဒါန်းပေးအပ်ခဲ့ရာ သနပ်ပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစံကြည်၊ ရဲမှူး တင်အောင်နှင့် တာဝန်ရှိသူတို့ လက်ခံရ ယူခဲ့ပြီး အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
လှမိုး(သနပ်ပင်)