ပုသိမ်လူမှုညီအကိုများအဖွဲ့က လက်လုပ်လက်စားများကို စားသောက်ကုန်များထောက်ပံ့ပေးအပ်

ပုသိမ်  အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်ဖက်ကမ်း၊ အမှတ် ၉ ရပ်ကွက်၊ မီနီမာလကာစက်ဝင်းနေ လက်လုပ်လက်စားပြည်သူများကို နေအိမ်များတွင် နေထိုင်ရေးကာလအတွင်း ပုသိမ်မြို့၊ ပုသိမ်လူမှုညီအကိုများ အဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံစားသောက် ကုန်များကို အိမ်အရောက် လိုက်လံထောက်ပံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံပေးအပ်ရာတွင် အိမ်ထောင်စု ၆၃ စုကို တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်၊ စားသုံးဆီ ၃၀ ကျပ်သား၊ ကြက်သွန်နီ ၄၀ ကျပ်သား၊ Mask ၅ ခု နှုန်းဖြင့် လိုက်လံ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ လက်လုပ်လက်စားများကို ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်လျက် ရှိကြောင်းသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)