မိုင်းလုံမြို့ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းလုံ အောက်တိုဘာ ၁၃

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပြည်သူများအား ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များအား သိရှိစေရန် မိုင်းလုံမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေး နံရံကပ် စာစောင်ပြသခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ မဲဆန္ဒရှင်စာရင်းသွားရောက် စစ်ဆေးရန်သင့်မှာ အချိန်မရှိဖြစ်နေပါသလား၊ မကြာခဏ မေးလေ့ မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့် အ‌ဖြေများ၊ ကိုဗစ်-၁၉ကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ စသည့်အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်ကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ပြသခဲ့ကြောင်း သိရသည်။

စန္ဒာ(မိုင်းလုံ၊ပြန်/ဆက်)