ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၁၂)ဉီး ထပ်မံဝင်ရောက်

ချင်းရွှေဟော်   အောက်တိုဘာ   ၁၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည်  ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ  နေ့စဉ်ဝင်ရောက် လျက်ရှိရာ အောက်တိုဘာလ (၁၁)ရက်နေ့က(၆)ဉီး နှင့် ယမန်နေ့ ညနေ(၆) နာရီ အချိန်က(၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဉီး ထပ်မံ ဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၂)ဉီးတို့မှာ အမျိုးသား(၆)ဉီး၊ အမျိုးသမီး(၆)ဉီးတို့ဖြစ်ပြီး  ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၅)ဉီး၊ နမ္မတူမြို့နယ်မှ(၁)ဉီး၊ ကွမ်းလုံမြို့နယ်မှ(၅)ဉီးနှင့် လောက်ကိုင်မြို့နယ်မှ(၁)ဉီးတို့ ဖြစ်သည်။

၎င်း  နေရပ်ပြန်ပြည်သူများသည်  တရုတ်နိုင်ငံတွင်   ဖိနပ်စက်ရုံ ၊ ငရုတ်စိုက်ခင်းနှင့် အခြားစိုက်ပျိုး သီးနှံ လုပ်ငန်းများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။ ထိုသို့   ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၅၈၄)ဉီး နှင့် အမျိုးသမီး(၆၉၄၁) ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅,၅၂၅)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဇင်ဇင်(ပြန်/ဆက်)