တန့်ယန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)တွင် မီးဖို၏ မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့်မိသားစုအား မြို့နယ် အရန် မီးသတ်တပ်ရင်းမှ ဆန်နှင့်စားသောက်ဖွယ်ရာများအား ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)မှ မီးဘေးသင့် မိသားစုအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ စေတနာရှင်များက ဆန် တစ်အိတ်၊ ဆီ သုံးဗူး၊ ဆား၊ ခေါက်ဆွဲခြောက်ထုပ် အပါအဝင် စားသောက် ဖွယ်ရာ များကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန စျေးတာဝန်ခံ ဦးစောနိုင်မှ အိုးခွက် ပန်းကန်များကိုလည်းကောင်း သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)