ခင်ဦးမြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၃၀) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

ခင်ဦး  အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ အသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ ညနေ ၃ နာရီက သင်တန်းနေရာ အထက တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ Test Kit ဖြင့် စစ်ဆေးပေးရာတွင် မြို့နယ်သူနာပြုအဆင့်-၁ ဒေါ်ခင်ချိုမော်နှင့် ဓာတ်ခွဲကျွမ်းကျင်-၂ ဒေါ်ခိုင်ခိုင်စိုးဝေ တို့က အထူးရဲ သင်တန်းသား (၃၀) ဦးနှင့် အုပ်ချုပ်သူနည်းပြ (၅) ဦးကို စစ်ဆေးပေးလျက်ရှိသည်။ မဲရုံ အသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား စုစုပေါင်း (၁၁၂) ဦးရှိပြီး ကျန်ရှိနေသော အထူးရဲသင်တန်းသား များကို နောက်ရက်တွင် ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင် (ခင်ဦး)