မယ်စဲ့ အောက်တိုဘာ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တောင်ပိုင်း ရပ်ကွက်ရှိ အသက် (၄၀)နှစ်နှင့် အထက် ပြည်သူများအား ကျန်းမာရေး(အခမဲ့) စောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်မာရီးနာနှင့် သားဖွားဆရာများက တောင်ပိုင်းရပ်ကွက်ရှိ အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ(၂၇)ဦးအား သွေးတိုး၊ ဆီးချိုနှင့် မကူးစက်နိုင်သောရောဂါများအား အခမဲ့စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)