တမူးမြို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ပညာ အလယ်တန်းကျောင်းများသို့ Computer၊ Color Printer နှင့် မီးစက်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အခြေခံပညာ အလယ်တန်းကျောင်းများသို့ Computer၊ Color Printer နှင့် မီးစက်များကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဓနုဖြူမြို့တွင် နေအိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာရန် ယနေ့နံနက် ၇ နာရီ အချိန်ခန့်ကမြို့ပေါ်ရှိ အကျော်တာ လမ်းမကြီးတွင် အသိပညာပေး စစ်ဆေးဆောင်ရွက် ခဲ့သည်။

လပွတ္တာမြို့၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen Rapid Diagnostic Test Kit ဖြင့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်ပိုင်းက ၃ မိုင် အ.ထ.က ကျောင်း၌ စစ်‌ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာ၀တီတိုင်းဒေသကြီးအတွင်းသို့ နေရပ်ပြန်လာသူများအား သက်ဆိုင်ရာ မြို့နယ်များသို့ စနစ်တကျ နေရပ်ပြန်နိုင်ရေး တာဝန်ရှိသူများမှ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညောင်တုန်းမြို့နယ် အရွဲကျေးရွာအုပ်စုရှိ ပန်တိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးဖြတ်သန်းသွားလာခွင့်အား ယာယီပိတ်ထားလျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်မှစတင်၍ ဂိတ်အား ဖွင့်လှစ်ပေးခဲ့သည်။

ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးအထွက်နှုန်း‌ ကောင်းမွန်‌‌ရေး မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် တမာတောစိုက်ပျိုး နည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ ရွာအိုင်းကျေး ရွာတွင် ယမန်နေ့ ၁၂ နာရီအ ချိန်က (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ ထုတ်ကွက်များ အထွက်နှုန်း ကောင်းမွန် စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးပြီး ပညာပေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာသို့ နယ်မြေမီးသတ်စခန်းမှ (surgical mask) များလှူဒါန်း

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် အသုံးပြုနိုင်ရန် အတွက် (Surgical Mask) အခုရေ (၆၅၀) ခုကို နယ်မြေမီးသတ်စခန်း တာဝန်ခံ၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် မီးသတ်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ရာ နေရာကန့်သတ် စောင့်ကြည့်ရေးစင်တာ ကြီးကြပ်ရေးအဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

လေဘေးသင့်အိမ်ထောင်စုများအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ထောက်ပံရေး ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အောက်တိုဘာလ၈ရက် နေ့က လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ထောက်ပံ့ ရေးပစ္စည်းများပေး အပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌  ကျင်းပသည်။

ညောင်တုန်းမြို့၌ ဂက်စ်ပိုက်လိုင်းပေါက်ထွက်ရာမှ မီးလောင်ဒဏ်ရာ‌ဖြင့် သေဆုံးသူ (၄) ဦးအတွက် ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေးမိုင်တိုင် (၃၃/၄) နှင့် (၃၃/၅) ကြားတွင် အမှတ် (၂) ရေနံနှင့် သဘာဝဓါတ်ငွေ့ စက်ရုံညောင်တုန်းမှ ကန်ကြီးထောင့်သို့ သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်း ပေါက်ထွက်ရာမှ မီးလောင်ဒဏ်ရာဖြင့်သေဆုံးသူ (၄) ဦးအား ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၄ နာရီက ရွာသစ်ကုန်းကျေးရွာရှိ သေဆုံးသူ (၄) ဦး၏ မိသားစုဝင်များထံ သွားရောက်၍ ပေးအပ်ခဲ့သည်။
Subscribe to