လေဘေးသင့်အိမ်ထောင်စုများအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ထောက်ပံရေး ပစ္စည်းများပေးအပ်

အုတ်ဖို        အောက်တိုဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အောက်တိုဘာလ၈ရက် နေ့က လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ထောက်ပံ့ ရေးပစ္စည်းများပေး အပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌  ကျင်းပသည်။

အခမ်းအနားတွင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်က ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စု (၄)အုပ်စုမှ လေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၂)လုံးနှင့် ပြိုလဲ နေအိမ်(၃)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၅)စုရှိ လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၇၈၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၃၈၇၈၀၀)ကျပ်နှင့် ပြိုလဲနေအိမ်(၃)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၁၆)မျိုးပါ ပလက်စတစ်ပုံး(၃)ပုံး စုစုပေါင်းတန်ဖိုးငွေ(၁၀၄၂၅၉)ကျပ်တို့အား    မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့နှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)