ရေဦး အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် တမာတောစိုက်ပျိုး နည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ ရွာအိုင်းကျေး ရွာတွင် ယမန်နေ့ ၁၂ နာရီအ ချိန်က (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ ထုတ်ကွက်များ အထွက်နှုန်း ကောင်းမွန် စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးပြီး ပညာပေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နည်းပညာပြန့်ပွားရေးစင်တာ တာ၀န်ခံနှင့် ၀န်ထမ်းများက တောင်သူ များ၏ မျိုးစေ့ထုတ် စိုက်ကွက်များ အတွင်း ကွင်းဆင်းစစ်ဆေးပြီး တောင်သူ များနှင့်အတူ ပေါင်းမြက်များရှင်းလင်းခြင်း၊ မျိုးကွဲတွေ့ရှိပါက နုတ်ပယ်ခြင်းနှင့် သဘာဝ ပိုးသတ်ဆေးများကို ပြုလုပ် သုံးစွဲတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး အသုံးပြုနည်းများ အကြောင်း၊ စပါးသီးနှံများ ထွက်ရှိချိန် ရောက်ရှိနေပြီဖြစ်၍ ပိုးမွှား ကျရောက်မှုရှိပါက အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် စိုက်ခင်း စိုက်ကွက်များအား နေ့စဉ်စောင့်ကြည့်ရန်နှင့်မလိုအပ်ဘဲ ဓာတုပိုးသတ်ဆေး ဖျန်းခြင်းများ မပြုလုပ်ကြရန် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းထိုက် ( ရေဦး )