ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာသို့ နယ်မြေမီးသတ်စခန်းမှ (surgical mask) များလှူဒါန်း

ငါးသိုင်းချောင်း  အောက်တိုဘာ  ၁၄

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် အသုံးပြုနိုင်ရန်အတွက် (Surgical Mask) အခုရေ (၆၅၀) ခုကို နယ်မြေမီးသတ်စခန်း တာဝန်ခံ၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် မီးသတ်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ရာ နေရာကန့်သတ် စောင့်ကြည့်ရေးစင်တာ ကြီးကြပ်ရေးအဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်‌စင်တာကို စက်တင်ဘာလ (၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့အထိ နေရာကန့်သတ်‌ စောင့်ကြည့်မှု ခံယူသူ (၁၁၅) ဦး ရှိပြီဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် (၄၄) ဦး ဆက်လက် နေရာကန့်သတ်စောင့်ကြည့်မှု ခံယူလျက်ရှိပြီး ယနေ့အထိ (swab) ဓါတ်ခွဲ စစ်ဆေးမှု (၃၃) ဦးကို ဆောင်ရွက်ခဲ့ရာ (All Negative) အဖြေရရှိခဲ့ကြောင်း၊ သက်ဆိုင်ရာကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထု၏ ဝိုင်းဝန်းပံ့ပိုး ပူးပေါင်းမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရာကန့်သတ်စောင့်ကြည့်ရေး စင်တာကြီးကြပ် အဖွဲ့မှ ဦးမင်းယုက ပြောကြားထားကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)