လပွတ္တာ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်ပိုင်းက ၃ မိုင် အ.ထ.က ကျောင်း၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်၍ အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား (၂၆၃) ဦးအနက် ပထမနေ့တွင် အထူးရဲသင်တန်းသား (၈၀) ဦး ဒုတိယနေ့တွင် သင်တန်းသား (၁၀၃) ဦးတို့၏ နှာခေါင်းတို့ပတ် နမူနာရယူ၍ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ သင်တန်းသား (၁၈၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းနှင့် ကျန်အထူးရဲ သင်တန်းသား (၈၀) ဦးအား အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကျော်မြင့်