တမူးမြို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ပညာ အလယ်တန်းကျောင်းများသို့ Computer၊ Color Printer နှင့် မီးစက်များ ထောက်ပံ့ပေးအပ်

တမူး အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အခြေခံပညာ အလယ်တန်းကျောင်းများသို့ Computer၊ Color Printer နှင့် မီးစက်များကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တမူးခရိုင် ဖွံ့ဖြိုးမှု  ကြီးကြပ်ရေးရုံး၏ ကြီးကြပ်ကွပ်ကဲမှု နယ်မြေ အတွင်းရှိ မြို့နယ်များဖြစ်သည့် တမူးမြို့နယ် မင်းသမီးကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၊ ကလေးမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၊ ကလေးဝမြို့နယ် အင်ဒိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ မင်းကင်းမြို့ နယ် ထန်းပင်ချောင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ မော်လိုက်မြို့နယ် တောင်းအင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းများသို့ ကျောင်းတစ်ကျောင်းလျင် (၁၅) သိန်း တန်ဖိုးရှိ ကွန်ပျူတာ တစ်စုံ၊ကာလာပရင်တာ တစ်လုံးနှင့်မီးစက် တစ်လုံးစီဖြင့် အခြေခံပညာ အလယ်တန်းကျောင်း (၅) ကျောင်းတို့အတွက် တမူးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယဉ်သန်းကထ ောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောင်းအုပ်ကြီး များက လက်ခံရယူခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာသို့ တမူးမြိုနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရိုထန်းပွီးရာ၊ တမူးမြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းနှင့် ဆရာ/ဆရာမ များ၊ သက်ဆိုင်ရာ မြို့နယ်များမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)