အလုံမြို့နယ်၌ ​နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေး​ရောင်းချသူများနှင့်​ စျေးဝယ်သူများ ပါးစပ်၊ နှာ​ခေါင်းစည်း(Mask)များ တပ်ဆင်​ရေး စစ်​ဆေးကြပ်မတ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်း​ နေထိုင်ကြ​သော ပြည်သူများ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ ​စျေး​ရောင်းသူများနှင့်​စျေးဝယ်သူ များ ပါးစပ်၊ နှာ​ခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ၊ မရှိ စစ်​ဆေးကြပ်မတ်ခြင်းကို ယ​နေ့ နံနက် (၈)နာရီအချိန်က အရှိန်အဟုန်မြှင့်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများ ဖွင့်လှစ် ဆောင်ရွက်နေမှု ရှိ/မရှိ မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဌာနပေါင်းစုံပါဝင်သော မြို့နယ်ကြီးကြပ်စစ်ဆေးရေး အဖွဲ့မှ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးကြသည်။

We Love Thanlyin ၏ ကိုဗစ်အထောက်အကူပြုလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ် လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ ကိုဗစ် -၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် We Love Thanlyin အဖွဲ့သို့ အလှူရှင်များက အလှူငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက်က အဆိုပါအဖွဲ့ တည်ရှိရာ ခန်းမ၌ကျင်းပခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မှတ်တိုင်အနီးတွင် Stay at Home ကာလ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များ ကျေးရွာတာဝန်ရှိသူများသို့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်း သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်လှူဒါန်းပစ္စည်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့၊ အနော်ရထာခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။

သန်လျင်ဆေးရုံကြီး ကိုဗစ်−၁၉ လူနာများထားရှိဆောင်များဖြည့်ဆည်းလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသည် ကုတင်၂၀၀ ဆန့် ဆေးရုံကြီးဖြစ်သည့်အတွက် သန်လျင်၊ကျောက်တန်း၊သုံးခွ၊ခရမ်းနှင့်တံတားမြို့များမှ အခြေခံ ပြည်သူများ အားထားရာ ဆေးရုံကြီးဖြစ်သည်နှင့်အညီ

ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား(၂)ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက်(၂၅)နှစ်နှင့် အသက်(၁၉)နှစ် ကျား(၂)ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

ပလောက်မြို့တွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေးစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အပြင်ထွက်သွားလာသူများတွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင် သွားလာရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာဈေးကြီးအရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် (၇) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to