ဓနုဖြူ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့်ကူးစက်မှုမရှိစေရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးသွားလာရန် ယနေ့နံနက် ၇ နာရီ အချိန်ခန့်ကမြို့ပေါ်ရှိ အကျော်တာ လမ်းမကြီးတွင် အသိပညာပေး စစ်ဆေးဆောင်ရွက် ခဲ့သည်။
ဓနုဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်သည့်ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမပြုဘဲ သွားလာနေသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက် လျက်ရှိပြီး မြို့နယ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း များပြား လာမှုကြောင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန် ကျန်းမာရေး အသိပညာပေး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)