မလှိုင်မြို့၊ မြို့မဈေးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ယာယီပိတ်သိမ်းထားသည့် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မလှိုင်၊ အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ မြို့မဈေးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ယာယီပိတ်သိမ်းထားသည့် ဈေးဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် သဘွတ်ကုန်း ကျေးရွာအုပ်စု၊ ရွှေစုခင်ကျေးရွာ ယာယီကန့်သတ်ပိတ်ပင်ထားမှုကို ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ ကန့်သတ်သွားရန် ညှိနှိုင်းစည်ဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။
 အဆိုပါ ညှိနှိုင်းစည်းဝေးပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ် ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။   
ယင်းနောက် တက်ရောက်လာသော  Saving Mahlaing နှင့် QCSG လူမှုရေးအသင်းအဖွဲ့များမှ  ကိုဗစ် - ၁၉  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေမင်းမျိုးထွန်းက သဘွတ်ကုန်းအုပ်စု၊ ရွှေစုခင်ကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ ကျန်းမာရေးအခြေအနေများကိုတင်ပြပြီး ရောဂါပျောက်ကင်းသူ လူနာ (၈) ဦးဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း၊ မြို့နယ်တွင် ပိုးတွေ့လူနာ (၃) ဦးသာကျန်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြသန်းက အများပြည်သူအကျိုးငှာ ယာယီပိတ်သိမ်းထားသည့် ဈေးဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်၊၊
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့ရက်စွဲဖြင့် ယာယီပိတ်သိမ်းခဲ့သည့်ဈေးဆိုင်များအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်၍ ကျန်းမာရေးညွှန်ကြားချက်များ၊ စည်ပင်သာယာစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည်(လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမပါ ) ဖြစ်သည် ။
မြို့မစည်ပင်ဈေးအတွင်း /အပြင်ရောင်းချသူများ အားလုံး Mask ကိုစနစ်တကျတပ်ဆင်ရန် ညွှန် ကြားချက်များအတိုင်း လိုက်နာခြင်း ရှိ / မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက  ပထမအကြိမ် ဒဏ်ငွေ (၅ဝဝဝ) ၊ဒုတိယအကြိမ် ဆိုင်(၃) ရက် ပိတ်ရန်နှင့် တတိယအကြိမ် ဆိုင်(၇) ရက်ပိတ်ရန်၊ထပ်မံ စည်းကမ်းပျက်ကွက်ပါက သဘာဝဘေးစီမံခန့်ခွဲ မှုဉပဒေအရ အရေးယူသွားမည်ဖြစ်သည်။  ထို့အပြင်  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်မြို့မှ ပြန်လာသူများအား (၃)ရက်အတွင်း စစ်ဆေးထားသည့် ကျန်းမာရေးဆေးစစ်ချက်ပါရှိပါက Home Quarantine (၇) ရက်ထားရှိ၍ ကျန်းမာရေး ဆေးစစ်ချက် မပါရှိပါက Facility  Quarantine (၁၄)ရက် ၊  Home Quarantine (၇) ထားရှိရန် ၊ ရွှေစုခင်ကျေးရွာအား ယာယီကန့်သတ်ပိတ်ပင်ထားမှုများကို အများပြည်သူအကျိုးငှါ (၁) ပတ် (၁) ကြိမ် ရောဂါဖြစ်ပွားမှုအခြေအနေအနေပေါ်မူတည်၍ ကန့်သန့်သတ်ရက်တိုးသွားရန် ၊ မြို့နယ် ပြင်ပမှပြန်လာသူများ သက်ဆိုင်မြို့နယ်၏  ထောက်ခံစာမပါရှိပါက Facility  Quarantine (၁၄ ) ရက်၊ Home Quarantine (၇) ရက်ထားရှိရန်၊ ထောက်ခံစာပါရှိပါက ၊ Home Quarantine (၇) ရက် ထားရှိရန် ၊ ကုန်တင်ယာဉ်မောင်းများနှင့် ပတ်သက်၍ (၃)ရက်အတွင်း စစ်ဆေးထားသည့် ကျန်းမာရေးစစ်ဆေးချက်များပါရှိပါက Home Quarantine (၇) ရက် ထားရှိရန် ၊ဆက်လက်ထွက်ခွါမည်ဆိုပါက ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)