လဟယ် အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် လဟယ်မြို့နယ်ပညာရေးဌာန ၀န်ထမ်းများ မိသားစုမှ ထောက်ပံ့လှူဒါန်းငွေ ကျပ်-(၁၁၂၆၀၀၀)တိတိကို ယနေ့ (၁၂) နာရီအချိန် လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေကို လဟယ်မြို့နယ် ပညာရေးမှူ ကပေးအပ်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှားဆက်(လဟယ်ပြန်/ဆက်)