ပုသိမ်ခရိုင်ရုံး ကလေးစာဖတ်ခန်းတွင် Onile မှတစ်ဆင့် စက္ကူပန်းခြင်း‌ခေါက်ခြင်း အစီအစဉ် ဆောင်ရွက်

ပုသိမ် အောက်တိုဘာ ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ကာလအတွင်း စာကြည့်တိုက်ကို ခေတ္တယာယီ ပိတ်ထားသော်လည်း Onileမှတစ်ဆင့် အသိညာပေးခြင်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် စက္ကူခေါက် အစီအစဉ်ကို ရိုက်ကူးတင်ဆက် ပေးခဲ့သည်။

ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဒေါ်ဇင်နွယ်လှိုင်(စာ/ထောက်-)က ရောင်စုံစက္ကူများနှင့် စက္ကူပန်းခြင်း ပုံစံကို အသေးစိတ် တင်ဆက်ပြခဲ့ပြီး ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် Onile  မှတစ်ဆင့် ထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များ၊ လူငယ်လူရွယ်များ အနေဖြင့် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာနိုင်သော်လည်း Online မှ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း၊ စက္ကူ‌ခေါက်ပြခြင်း၊ ကဗျာရွတ်ပြခြင်း အစီအစဉ်နှင့် အသိပညာပေး Talk Show များ၊ ပြည်သူများ သိသင့်သည့် အသိပညာပေး လုပ်ငန်းများကို ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသလို ဒေသဆိုင်ရာ သတင်း အချက်အလက်များ ကိုလည်း နေ့စဉ် IPRD Pathein facebook  Page  များတွင်လည်း ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇင်နွယ်(ပြန်/ဆက်)