နောင်ချိုတွင် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာ ရုပ်ပုံများနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ

နောင်ချို အောက်တိုဘာ ၁၄

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါ သိကောင်းစရာ ရုပ်ပုံများနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ဆောင်ရွက်ပြသထား ကြောင်းသိရသည်။

မြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်း များ၊ ကိုဗစ်-၁၉ဆိုင်ရာ အချက်အလက်နှင့် ထင်မြင် ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်၊ ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက် များစသည့် အကြောင်းအရာများပါဝင်နေသော UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာရုပ်ပုံများ ပြသထားရှိပါသည်။

ထို့အပြင် မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် ရွေးကောက်ပွဲကော်မရှင်နှင့်မဲရုံအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ရွေးကောက်ပွဲအတွက် ပြည်သူများ မကြာခဏ မေးလေ့ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲစာရင်းများကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုသည့်နည်း လမ်းများ စသည့်ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြသထားရှိကြောင်း သိရသည်။

ထွေးငယ် (နောင်ချို ပြန်/ဆက်)