ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မအူပင်တက္ကသိုလ် မိသားစုမှ အလှူငွေများ လှူဒါန်း

မအူပင်  အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် မအူပင်တက္ကသိုလ်မိသားစုမှ ကရုဏာလူမှုရေးအသင်း (မအူပင်)သို့ အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ နာရီက မအူပင်ခရိုင် အထွေထွေ ရောဂါကုဆေးရုံကြီးတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

မအူပင်တက္ကသိုလ်မိသားစုမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ဘက်စုံ အသုံးပြုနိုင်စေရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မအူပင်တက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာအောင်ကျော်နှင့် တာဝန်ရှိသူမိသားစုများက ကရုဏာလူမှုရေးအသင်း (မအူပင်)သို့ အလှူငွေကျပ် ငါးသိန်းအား လှူဒါန်းခဲ့ရာ ကရုဏာလူမှုရေးအသင်း(မအူပင်)မှတာဝန်ရှိသူ ဦးမျိုးဝင်းအောင်နှင့် အဖွဲ့က လက်ခံခဲ့ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)