မြန်အောင် အောက်တိုဘာ ၁၄
ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်းရှိ လွန်ဆေးမြိုင်ပန်းခြံအနီး ယနေ့ ကမ်းပြိုမှုများဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကမ်းပြိုမှုကြောင့် လွန်ဆေးမြိုင်ပန်းခြံဘေး ဧရာဝတီမြစ်ဘက်ခြမ်းတွင် ကာရန်ထားသော ပန်းခြံအုတ် တံတိုင်းမှာ ယမန်နေ့မှစ၍ မြစ်အတွင်း ပြိုကျလျက်ရှိရာ ယနေ့နံနက်အထိ အုတ်တံတိုင်း အလျား ပေ(၃၀)ခန့် မြစ်အတွင်း ပြိုကျသွားခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်