မရမ်းကုန်းမြို့နယ်အတွင်းရှိ စျေးများတွင် စျေးရောင်းသူနှင့် စျေးဝယ်သူများအား စနစ်တကျ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မရမ်းကုန်း အောက်တိုဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ စျေးများတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် စျေးရောင်း သူများနှင့် စျေးဝယ်သူများအား စနစ်တကျနှာခေါင်းစည်း (Mask)များ တပ်ဆင်စေရေး အသိပေးနှိုးဆော် ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စျေးများရှိ ပြည်သူ များအား နှာခေါင်းစည်းများ တပ်ဆင်ရာ၌ မေးတွင်ချိတ်၍ ထားခြင်း၊ နှာခေါင်းမလုံစွာ တပ်ဆင် ထားခြင်းများ မပြုလုပ်ကြရန်၊ တာဝန်ရှိသူများ လာရောက်ကြည့်ရှုသည့် အခါမှ တပ်ဆင်ခြင်းမျိုး မပြု လုပ်ကြပါရန်နှင့် မိမိတို့ကိုယ်တိုင် ကျန်းမာရေးအသိဖြင့် နှာခေါင်းစည်းများအား စနစ်တကျ တပ်ဆင်ကြ ရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်( ပြန်/ဆက်)