မင်းလှ(အောက်) အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၃ ရက်က ကျန်းမာရေးကောင်းမွန်သူ (၁၂)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျန်းမာရေးကောင်းမွန်သူ(၁၂)ဦးနှင့် သံယလူနာ (၁) ဦး(ပိုးမတွေ့) စုစုပေါင်း (၁၃) ဦးတို့ကို ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏နေအိမ် အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ကြာ နေထိုင်ရန်နှင့် ကျန်းမားရေး အသိပညာပေး စကားများ ပြောကြားပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၄၁)ဦးရှိရာ (၂၁)ဦး ဆေးရုံဆင်းခွင့်ရှိပြီး၊ ကျန်ရှိသော (၂၀)ဦးမှာ ကျန်းမာရေး အထူးကောင်မွန်လျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာန၌ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ