သိန္နီမြို့၌ ကြိုတင်မဲလက်မှတ်များ ကြိုတင်မဲပုံးအတွင်း ထည့်သွင်းခြင်း ဆောင်ရွက်

သိန္နီ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက်  (၁ဝး၃၀) နာရီ အချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ ရှေ့မှောက် တွင် မြို့နယ်ကြိုတင်မဲပုံစံ (၁-၁)စာရင်းပြန်လည်ပေးပို့လာသော ကြိုတင်မဲလက်မှတ် (၂၆)စောင်အား မြို့နယ် ကြိုတင်မဲပုံးအတွင်း ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင် က နိုင်ငံရေးပါတီအသီးသီး၏ မဲရုံ ကိုယ်စားလှယ် လျှောက်ထားနိုင်ရေး (ပုံစံ-၈)ကို ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲရုံတည်နေရာ၊ မဲရုံအမှတ်စဉ်များ ထုတ်ပေးရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ပြီး (ပုံစံ-၈)များကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လ(၂၀)ရက်နေ့ နောက်ဆုံးထားလျှောက်ထား ပေးပို့ရမည်ဖြစ်ကြောင်း  သိရသည်။

 ဖိုးချို(ပြန်/ဆက်)