နွားထိုးကြီး အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ ရွှေနန်းတော် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးနိုင်ဝင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် PPE ဝတ်စုံများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် “ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် Facility Quarantine ဝင်နေရသူတွေကို မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးတဲ့အခါ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် PPE ဝတ်စုံ (၃၀) စုံကို လှူဒါန်းရခြင်းဖြစ်တယ်”ဟုပြောသည်။
အဆိုပါ PPE ဝတ်စုံများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာ အောင်ကျော်ဦးနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ပြီး အလှူရှင်အား ဆရာဝန်ကြီးမှ ကျေးဇူတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)