We Love Yangon နှင့် We Love Sanchaungတို့ပူးပေါင်း၍ စမ်းချောင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ အခြေခံ စားသောက်ကုန်များလှူဒါန်း

စမ်းချောင်း အောက်တိုဘာ ၁၄

ရန်ကုန်အနောက်ပိုင်း စမ်းချောင်းမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စမ်းချောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းသို့ အခြေခံ စားသောက်ကုန် များ လှူဒါန်းခြင်းကို We Love Yangon နှင့် We Love Sanchaungတို့ ပူးပေါင်းပြီးယမန်နေ့ နေ့လယ်ပိုင်းက  သွားရောက်လှူဒါန်းခဲ့ကြပါသည်။
အဆိုပါလှူဒါန်းရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ကံမြင့်ကျောင်းတိုက်၊ မဟာရာဇာတိုက်၊ ဇေယျဝတီစာသင်တိုက်၊ ကျွန်းတောကျောင်းတိုက်၊ မစိုးရိမ်တိုက်၊ဗားကရာကျောင်းတိုက် အစရှိသည့် ကျောက်တိုက်ကြီး (၆)ခုသို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ကော်ဖီ၊ကုလားပဲ၊လက်ဖက်စသည်ဖြင့် အခြေခံစားသောက်ကုန် (၇)မျိုး ကို We Love Yangon နှင့် We Love Sanchaung တို့ပူးပေါင်း၍ လှူဒါန်း ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)